2020

လေညှင်းဆောင်

နှစ်တစ်နှစ်ရဲ့ အပြောင်းအလဲနဲ့အတူ စိတ်ခံစားမှု အပြောင်းအလဲလေးတွေလည်း ခံစားနိုင်ဖို့အတွက်၊ နံရံကနေပြီး အမြင်ဆိုင်ရာ ဖန်တီးသူတွေ ဖြစ်ကြတဲ့ မချမ်း၊ သည်းဦးသဇင်၊ ဒိုရှိုင်းတို့နဲ့ ပူးပေါင်း တင်ဆက်လိုက်တဲ့ "လေညှင်းဆောင်" ကာလလေးပဲ ဖြစ်ပါတယ်။ ရှေ့ဆက်ရမယ့် နှစ်မှာ အဆိုးတွေကို ဖယ်ချထားခဲ့ပြီး၊ ကြည်လင်ရွှင်သာစေတဲ့ ကောင်းမွန်မှုတွေကို ဒီလေညှင်းလေးက သယ်ဆောင်လာပေးမှာပါ၊ သင့်နဲ့အတူ၊ သင့်ရဲ့စားပွဲထက်မှာ၊ ဒါမှမဟုတ် သင့်ရဲ့နံရံပေါ်မှာပေါ့။

လေညှင်းနဲ့ အတူ…

အေးမြ - Wallet

နဂါး - Totebag

ပျားနှင့်လိပ်ပြာ - Calendar

အေးမြ - Tapestry

ပျားနှင့်လိပ်ပြာ - Bookmark

လေညှင်းဆောင်လာကြသူများ …

မချမ်း

မချမ်း (မုံရွာ၊၁၉၈၅)သည် အသားညိုညို ကျေးလက်အညာသူ အမျိုးသမီးဟန်များကို "အေးမြ" ဟုအမည်ပေး၍ စီးရီးလိုက် ရေးဆွဲဖန်တီးကာ ပြပွဲများ ပြုလုပ်ခဲ့ပါသည်။

မြန်မာအမျိုးသမီးတို့ရဲ့ကျက်သရေရှိသော ဆင်ယင်ထုံးဖွဲ့မှုနဲ့ ရိုးရှင်းသော ပင်ကိုယ်အလှကို အဓိက အသားပေး၍ ရေးဆွဲခြင်း ဖြစ်ပါတယ်။

ဒိုရှိုင်း

ဒိုရှိုင်း (ရန်ကုန်၊ ၁၉၉၂)သည် ၂၀၁၀ ခုနှစ်လောက်တွင် Graphic Designer အဖြစ် စတင်ပြီး Graphic Design အပြင် Web Design နှင့် UI/UX တို့ကိုပါ ဖန်တီးခဲ့သည်။ဂိမ်းနှင့် ဂိမ်းဆိုင်ရာ နယ်ပယ်များတွင် လက်ရှိ လုပ်ကိုင်နေပြီး၊Freelance အနေဖြင့် Illustrations, Character Design Concept များနှင့် Album Artwork များကို ရေးဆွဲလျက် ရှိပါသည်။

လူတွေရဲ့အတွင်းစိတ်၊ ခန္ဓာကိုယ်ရဲ့ အရိုးနဲ့ ကြွက်သားစတဲ့ အတွင်းပိုင်းတွေကို စိတ်ဝင်စားရာကနေ မြန်မာရှေးခေတ် အကောင်တွေရဲ့ခန္ဓာဗေဒကို သရုပ်ဖော်တဲ့ Fossil Series မှာ မြန်မာနဂါးကို ဆွဲဖြစ်တာ ဖြစ်ပါတယ်။

သည်းဦးသဇင်

သည်းဦးသဇင် (ရန်ကုန်၊ ၁၉၉၃)သည် သရုပ်ဖော်ပုံများ၊ရုပ်ပြများကို အများအားဖြင့် ရေးဆွဲသည်။ အမျိုးသမီးပုံများနှင့် ပန်းမန်များကို အများဆုံး ရေးဆွဲလေ့ ရှိသည်။ လက်ရှိတွင် စာနှင့်ပုံ၏ အစပ်အဟပ်များကို ရေဆေး၊ မင်၊ Gouache၊ Digital Software များနှင့် အခြားသော Mixed Media များကို အသုံးပြုကာ စမ်းသပ်ရေးဆွဲလေ့ ရှိသည်။

ကိုဗစ်ကာလအတွင်း မတူကွဲပြားတဲ့ လူများဟာ တစ်နေရာထဲမှာ အတူယှဉ်တွဲ နေထိုင်ကြရတဲ့အခါ တစ်ဦးနဲ့ တစ်ဦး ညှိနှိုင်းရတဲ့ အဖြစ်အပျက်များကို ရေးဆွဲထားတာ ဖြစ်ပါတယ်။


exposes | collaborates | introduces | celebrates | diverts | presents

Contact Us

+959 7740 26375

info@nanyan.com.mm

nanyanmm.2020@gmail.com

Follow Us

Facebook

Instagram

LinkedIn

NanYan © 2025 All Rights Reserved.